The Republic of the Union of Myanmar | Ministry of Education

အဆင့်မြင့်ပညာဦးစီးဌာန

Department of Higher Education

မျှော်မှန်းချက် (Vision)

"အဆင့်မြင့်ပညာကဏ္ဍရှိ ပညာရပ်နယ်ပယ်အားလုံးကို တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်သော အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးရေးပံ့ပိုးပေးရန်"

Integrity

ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း

Excellence

ထူးချွန်ထက်မြက်မှုကို ရှေးရှုခြင်း

လုပ်ငန်းတာဝန်များ

1

တက္ကသိုလ်များ၏ ဥပဓိရုပ် ကောင်းမွန်စေရေး၊ တက္ကသိုလ်အင်္ဂါရပ်များနှင့် သင်ယူမှု ဝန်းကျင်ကောင်းများ ပြည့်စုံစေရေး ပံ့ပိုးပေးရန်

2

တက္ကသိုလ်များတွင် သင်ကြား သင်ယူမှုကောင်းမွန်စေရေး၊ သုတေသနဆောင်ရွက်ရေး၊ လူမှု အသိုက်အဝန်းနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ ခေတ်နှင့်အညီ လိုက်လျောညီထွေဖြစ်မည့် သင်ရိုး ညွှန်းတမ်းဖြစ်စေရေး တွန်းအားပေးရန်၊

3

တက္ကသိုလ်များ၏ ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သုတေသန ပူးပေါင်း ဆောင်ရွက်ခြင်းကို အားကောင်းစေရေး ပံ့ပိုးပေးရန်

4

တက္ကသိုလ်များနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသတွင်း လိုအပ်ချက်များ၊ နိုင်ငံတော်လိုအပ်ချက်များနှင့် ကိုက်ညီသော ပညာရေးအစီအစဉ်များ တိုးချဲ့ ဖွင့်လှစ်ပေးရန်

5

အဆင့်မြင့်ပညာကဏ္ဍရှိ ဝန်ထမ်းများ အားလုံးအတွက် စဉ်ဆက်မပြတ် စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်များကို သတ်မှတ်၍ ဆောင်ရွက်ပေးရန်

6

တက္ကသိုလ်များတွင် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနပြုရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်း များတွင် ဒီဂျစ်တယ်နည်းပညာကို ထိရောက်တွင်ကျယ်စွာ အသုံးပြုစေရေး တွန်းအားပေး ပံ့ပိုးဆောင်ရွက်ရန်

7

ပညာရေးအဆင့်တိုင်းနှင့် ပညာရပ်နယ်ပယ်တိုင်းတွင် ပညာရေးအဆင့်အတန်း သတ်မှတ်ပြီး အရည်အသွေးအာမခံမှုရှိသောစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး တွန်းအားပေး ဆောင်ရွက်ရန်

"အနာဂတ်မျိုးဆက်သစ်များအတွက် အရည်အသွေးမြင့်ပညာရေး"

ဌာန၏ သမိုင်းကြောင်း

၁၉၆၄ ခုနှစ်မှ ယနေ့အထိ ဖြတ်သန်းလာခဲ့သော ခရီးစဉ်

၁၉၆၄

တက္ကသိုလ်၊ ကောလိပ်များကို စနစ်သစ်ဖြင့် ပြန်လည်ဖွဲ့စည်းချိန်တွင် တက္ကသိုလ်များအုပ်ချုပ်ရေးမှူးရုံးအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။

၁၉၇၂

အုပ်ချုပ်ရေးစနစ်သစ်အရ အထက်တန်းပညာဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

၁၉၈၃

အောက်တိုဘာလတွင် အဆင့်မြင့်ပညာဦးစီးဌာနအဖြစ် အမည်ပြောင်းလဲခဲ့သည်။

၂၀၁၅ - လက်ရှိ

၁.၄.၂၀၁၅ ရက်နေ့တွင် အဆင့်မြင့်ပညာဦးစီးဌာန တစ်ခုတည်းအဖြစ် ပြန်လည်စုစည်းကာ ခေတ်မီစွာ ဖွဲ့စည်းခဲ့သည်။